• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီးပွါးရေး တိုးတက်နှုန်း ၆့ ၅ ရာခိုင်နှုန်း အဖြစ် သတ်မှတ်ခြင်းသည် စီးပွါးရေး အရည်အသွေး မြင့်များစွာ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်ပင် ဖြစ်သည်

(GMT+08:00) 2018-03-06 09:45:55

တရုတ် အစိုးရလုပ်ငန်း အစီရင်ခံစာ ရေးဆွဲရေးအဖွဲ့ တာဝန်ခံ၊ နိုင်ငံတော် ကောင်စီ သုတေသနဌာန ဌာနမှူး ဟွမ်ရှိုဟုန်က၊ ၂၀၁၈ ခုနှစ် စီးပွါးရေး တိုးတက်နှုန်း ၆့ ၅ ရာခိုင်နှုန်း ဝန်းကျင် ရှိစေရန် သတ်မှတ်ခြင်းသည် စီးပွါးရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်ပင် ဖြစ်ကြောင်း ယခုလ ၅ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

၎င်းက၊ ခြုံပြီး ကြည့်လျှင် လက်ရှိအချိန်တွင် တရုတ်ပြည် ငွေကြေး အန္တရာယ်များကို ထိန်းချုပ်လို့ရကြောင်း၊ ယခုနှစ်တွင် ဒေသခံအစိုးရဌာနများ ကြွေးမြီဆိုင်ရာ ရာသက်ပန် တာဝန်ယူစနစ်ကို တည်ထောင်မည် ဖြစ်ကြောင်းလည်း ပြောကြားပါသည်။

ယခုလ ၅ ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးသို့ တင်ပြသော အစိုးရလုပ်ငန်း အစီရင်ခံစာတွင်၊ ၂၀၁၈ ခုနှစ်တွင် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး အဓိက ရည်မှန်းချက်များမှာ ဂျီဒီပီ တိုးတက်နျုန်း ၆့ ၅ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိစေရန်၊ ပြည်သူလူထု စားသုံးကုန် ဈေးနှုန်း တိုးတက်နှုန်း ၃ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိစေရန်၊ မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၁ သန်းကျော် တိုးစေရန် စသဖြင့် ရှိကြောင်း ဖေါ်ပြထားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio