• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေးနှင့် ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းကို တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-03-06 08:51:04

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေးကို ယခုလ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အတွင်းမွန်ဂိုးပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ စိစစ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်က၊ စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေးနှင့် ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းကို ထိထိရောက်ရောက် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio