• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-03-05 14:21:39

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၄ရက်နေ့က ၁၃ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြ သော တရုတ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ပါတီ၊ တရုတ်ကြည့်ကုန်းပါတီနှင့် ပြန်ရောက် တရုတ် အနွယ်ဖွား သမဂ္ဂမှ ကော်မတီအဖွဲ့ဝင်များနှင့် တသီးပုဂ္ဂလများကို သွားရောက် တွေ့ဆုံပြီး သက်ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ရာတွင် ၄င်းတို့မှ ထင်မြင်ချက်နှင့် အကြံပြုချက်များကို ကြားနာခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ်  ခေတ်ကာလသစ် တွင် ဝင်ရောက်ခြင်းနှင့်အညီ မိမိတို့ အနေနှင့် တရုတ် ကွန်မြူနစ်ပါတီ ဦးဆောင်သော ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေး အတိုင်ပင်ခံ စနစ်ကို ဦးလည်မသုန် စွဲကိုင် ခိုင်မြဲဖွံ့ဖြိုးတိုးတက်စေပြီး ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေး၏ ထူးခြားသော အားသာချက်ကို ဖော်ထုတ်ကာ ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံရေးကို ဖွံ့ဖြိုးတိုးတက်စေပြီး အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်ပြီးစီးနိုင်အောင် အဆုံးသတ် အောင်ပွဲ ဆွတ်ခူးရရှိရန် အတွက် စည်းလုံးညီညွတ်စွာ အားထုတ်ကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio