• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2018-03-05 14:20:27

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးကို ယခုလ ၅ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်လိုက်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အစည်းအဝေးတွင် လွန်ခဲ့သည့် ၅နှစ် အတွင်း အစိုးရ လုပ်ငန်း အစီရင်ခံစာကို တင်သွင်းပြီး ယခုနှစ် လုပ်ငန်းနှင့်ပတ်သက်၍ အကြုံပြုချက်များကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။

ထို့အပြင်၊ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ၃ထောင်ခန့်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် မူကြမ်းနှင့် ပတ်သက်၍ ၁၂ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကောင်မတီ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ် ဝမ်ချင်မှ ရှင်းလင်းပြောကြားချက်များကို ကြားနာခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

   Webradio