• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Tencent ကုမ္ပဏီသည် ရှင်ကျင့်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တံခါးဖွင့်ပြုပြင် ပြောင်းလဲရေးကို မျက်မြင်သူဖြစ်သည်ဟု ပြည်လုံးဆိုင်ရာပြည်သူ့ကိုယ်စားလှယ် မာဟွာ့ထိန် ဆို

(GMT+08:00) 2018-03-05 12:43:51

ယခုကျင်းပလျက်ရှိသော တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အစည်းအဝေး မဖွင့်လှစ်ခင် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းရန် လမ်းကြောင်းကို ယနေ့ ၅ ရက်နေ့စောစောပိုင်းက ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည်။ ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၊ Tencent ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ မာဟွာ့ထိန်သည် ပြည်တွင်းပြည်ပသတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် တရုတ်နိုင်ငံ၏ မြင့်မြတ်သော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး အဆက်မပြတ်တိုးတက်ပြီး အထူးသဖြင့် အင်တာနက်နှင့် သိပ္ပံနည်းပညာနယ်ပယ်မှ ဖွံ့ဖြိုး တိုးတက်မှု ပိုမိုလျင်မြန်ကြောင်း၊ ပြီးခဲ့ရသည်မှာ သိပ်မကြာသေးသည့် နွေဦးပွဲတော်အချိန် အတွင်း Tencent ကုမ္ပဏီမှ ဆောဖ်ဝဲလ် ဝီချက်ကို အသုံးပြုသူဦးရေမှာ ပထမဆုံးအကြိမ် တစ်ဘီလီယံအထိကို စံချိန်ချိုးခဲ့ကြောင်း ပြောကြားသည်။

   Webradio