• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၂၄)

(GMT+08:00) 2018-03-05 10:53:11

လီခေ့ချန်က၊ ကေဒါခေါင်းဆောင် လုပ်နည်းလုပ်ဟန်နှင့် သန့်စင်ရေး လုပ်ငန်းကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်၊ အစိုးရ၏ အကျိုးဖြစ်ထွန်းမှုကို ဘက်စုံ တိုးမြှင့်မည် ဖြစ်ကြောင်း၊ လုပ်ငန်း တာဝန်များ ပွင့်လင်းပြီး ဥပဒေနှင့်အညီ စီမံအုပ်ချုပ်သော အစိုးရ လုပ်ငန်း စည်းစနစ် ဖြစ်တည် လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းကို ဦးလည်မသုန် စွဲကိုင်မည် ဖြစ်ကြောင်း၊ အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှု ထားရှိရေးကို တွန်းအား ပေးလိုပါကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံကြီးအကြား ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေးနှင့် အကျိုးတူ ဖွံ့ဖြိုးရေး နက်ရှိုင်းလာအောင် ဆောင်ရွက်နေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် သွေးစည်းညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်အတွက် တာဝန်ကျေပွန်စွာ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့နှင့်အတူ လူသား ကံကြမ္မာ အသိုက်အဝန်း ဖွဲ့စည်းထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ပြောကြားပါသည်။

   Webradio