• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၂၂)

(GMT+08:00) 2018-03-05 10:49:42

လီခေ့ချန်က၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေးနှင့် အဆင်ပြေစေရေးကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ဦးလည်မသုန် တွန်းအားပေးပြီး၊ လွတ်လပ်စွာ ကုန်သွယ်ရေးကို ထိန်းသိမ်းပါကြောင်း၊ သက်ဆိုင်ရာများနှင့် နိုင်ငံစုံ ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲ ဖြစ်စဉ်ကို တွန်းအား ပေးလို ပါကြောင်း၊ တရုတ်နိုင်ငံသည် ကုန်သွယ်မှုဆိုင်ရာ အငြင်းပွါးမှုများကို တန်းတူရည်တူ တိုင်ပင် ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းပြီး ကုန်သွယ်ရေး ကိုယ်ကျိုး စီးပွါးကာကွယ်မှုကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ပြည်သူလူထု၏ နေထိုင်မှုဘဝ အဆင့်အတန်းကို တိုးမြှင့်ပြီး အာမခံ ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ အလုပ်အကိုင် နေရာချထားမှုနှင့် လုပ်ငန်း ထူထောင်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ ကဏ္ဍစုံ အလုပ်အကိုင် ရရှိခြင်းနှင့် လုပ်ငန်းထူထောင်ခြင်းကို အားပေးထောက်ခံပါကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ပြည်သူလူထုများ၏ ဝင်ငွေ မှန်မှန် တိုးတက်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ တရားမျှတပြီး အရည်အသွေး မြင့်မားသော ပညာရေးလုပ်ငန်း တိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက် မသင်မနေရ ပညာရေး စနစ် တပြေးညီ ဖွံ့ဖြိုးမှုကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio