• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၂၂)

(GMT+08:00) 2018-03-05 10:48:12

လီခေ့ချန်က၊ ကုန်ပစ္စည်း စားသုံးမှုကို တက်ကြွစွာ တိုးချဲ့ ဆောင်ရွက်ပြီး အကျိုး သက်ရောက်မှုရှိသော ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ကုန်ပစ္စည်း စားသုံးမှု၏ စီးပွါးရေး တိုးတက်မှု အပေါ် အခြေခံ အခန်းကဏ္ဍကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ အရပ်ဘက် ဆေးဝါးကုသရေး၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား စသည့် နယ်ပယ်မှ ဝန်ဆောင်မှုလုပ်ငန်းများကို အားပေးထောက်ခံပါကြောင်း၊ အင်တာနက် ကုန်ပစ္စည်း ဝယ်ယူရေနှင့် ချောထည်လုပ်ငန်း ပုံမှန် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ရင်းနှီးမြှုပ်နှံမှု၏ စီးပွါးရေး ဖွဲ့စည်းပုံအအပေါ် သော့ချက်ကျ အခန်းကဏ္ဍကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရထားလမ်း ဖေါက်လုပ်ရေး အတွက် ယွမ်ငွေ ၇၃၂ ဘီလီယံကို ငွေရင်းမြှုပ်နှံမည် ဖြစ်ကြောင်း၊ အရေးကြီး အခြေခံ အဆောက်အဦများ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသများကို ဆက်လက် ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ဘက်စုံ တံခါးဖွင့်ရေး အခြေအနေသစ် ဖြစ်တည်လာအောင် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ အတူ တိုင်ပင် အတူ တည်ဆောက် အတူ မျှဝေခံစားခြင်းကို စွဲကိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်သွယ်ရေး လမ်းကြီးများ တည်ဆောက်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ကုန်ထုတ် စွမ်းအား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မှန်မှန် တိုးတက်ရန်ကို အားသစ်လောင်းပေး မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ စီးပွါးကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့် ချိတ်ဆက်မှုကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ရှေးပြေး ကူးသန်းရောင်းဝယ်ရေး ပတ်ဝန်းကျင်ကို ထူထောင်ရမည် ဖြစ်ကြောင်း၊ ယေဘုယျ ကုန်ထုတ်လုပ်မှုကို ဘက်စုံ တံခါးဖွင့်မည် ဖြစ်ပြီး၊ ဆက်သွယ်ရေး၊ ဆေးဝါးကုသရေး၊ ပညာရေး၊ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေး၊ စွမ်းအင်သစ် မော်တော်ကား စသည့်နယ်ပယ်များမှ တံခါးဖွင့်မှုကို တိုးချဲ့မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ နိုင်ငံခြား ကုန်သွယ်မှု ပုံမှန် တိုးတက်ရေး အရှိန်ကောင်း ပိုမို ခိုင်မြဲ လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ သွင်းကုန် လုပ်ငန်းကို တက်ကြွစွာ တိုးချဲ့ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မော်တော်ကားနှင့် နေ့စဉ်သုံးကုန်ပစ္စည်း အစိတ်အပိုင်း၏ သွင်းကုန်အခွန်ကို လျှော့ချမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio