• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၂၁)

(GMT+08:00) 2018-03-05 10:46:32

လီခေ့ချန်က၊ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ကျေးလက်ဒေသ လုပ်ငန်းများ ကဏ္ဍစုံ တိုးတက်မှုကို တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ ရေ၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှု၊ သတင်းအချက်အလက် အပါအဝင် အခြေခံ အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းကို အားဖြည့်ပြီး၊ ကျေးလက် ကားလမ်း ကီလိုမီတာ ၂ သိန်းကို အသစ် ဖေါက်လုပ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ဒေသချင်း ညှိနှိုင်း ဖွံ့ဖြိုးရေး မဟာဗျူဟာကို ထိထိရောက်ရောက် တွန်းအားပေးမည် ဖြစ်ကြောင်း၊ အများပြည်သူ ဝန်ဆောင်မှု ပြန့်ပွါး ညီမျှရေးကို တွန်းအား ပေးမည် ဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းကျုံ့လာအောင် ဆောင်ရွက်မည့် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု အခြေအနေသစ်ကို ဖန်တီးပေးမည် ဖြစ်ကြောင်း၊ ပီကင်း၊ ထျန်ကင်း၊ ဟိုပေပြည်နယ် ညှိနှိုင်း ဖွံ့ဖြိုးမှုကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရှေးရှုပြီး ယန်စီမြစ် စီးပွါးရေးဇုန်များ ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ အမျိုးအစားသစ် မြို့ပြ တည်ဆောက်ရေး အရေအသွေးကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ ကျေးလက်နေသူများကို မြို့ပြနေသူများ ဖြစ်စေရေး လုပ်ငန်းကို ပိုမို
   Webradio