• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၂၀)

(GMT+08:00) 2018-03-05 10:44:27

လီခေ့ချန်က၊ အရေးကြီး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေး လုပ်ငန်းတွင် တိုးတက်မှု ထင်ရှားသိသာစွာ ရရှိစေရန် တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်. 

လီခေ့ချန်က၊ တိကျမှန်ကန်စွာ ဆင်းရဲသူများ ကူညီရေး လုပ်ငန်းကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကျေးလက် ဆင်းရဲသူ ဦးရေ ၁၀ သန်းကျော် လျော့နည်းလာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေး လုပ်ငန်းတွင် ပိုမို ကြီးမားသော အောင်မြင်မှု ရရှိစေရန် တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ကျေးလက်ဒေသ ရှင်သန်ရေး မဟာဗျူဟာကို အစွမ်းကုန် ဖေါ်ဆောင် မည် ဖြစ်ကြောင်း၊ သိပံ္ပနည်းကျကျဖြင့် စီမံကိန်းများ ချမှတ်ပြီး ကျေးလက်နှင့် မြို့ပြ တပြေးညီ ဖွံ့ဖြိုးရေး စနစ်များ ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ လယ်ယာစိုက်ပျိုးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio