• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၁၈)

(GMT+08:00) 2018-03-05 10:33:39

လီခေ့ချန်က၊ နိုင်ငံတော်၏ သိပံ္ပနည်းပညာဆိုင်ရာ ငွေရင်း ထုတ်ပေးမှုသည် ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေး နယ်ပယ်ကို ဦးစားပေးမည် ဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှု ပြုပြင်ရေး၊ ကင်ဆာရောဂါ အပါအဝင် ရောဂါကုသရေးကို အားဖြည့်် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူပြည်သားများကို သိပံ္ပနည်းပညာ အကျိုးစီးပွါး ပိုမို ခံစားစေရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ အဆင့်မြင့် သိပ္ပံနည်းပညာ လူကောင်းလူတော် ဖေါ်ထုတ်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပညာတော်သင်များ တရုတ်ပြည်သို့ ပြန်လာပြီး လုပ်ငန်း ထူထောင်ရန် အားပေးမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ကျွမ်းကျင်ပညာရှင်များ တရုတ်ပြည်၌ လုပ်ငန်းဆောင်ရွက်ရန် အဆင်ပြေအောင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ သော့ချက်ကျ အခြေခံ လုပ်ငန်းနယ်ပယ်များ ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း နှစ် ၄၀ ပြည့် ကို အခွင့်ကောင်းအဖြစ် ထားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွင် ထိုးဖေါက် တိုးတက်မှု ရရှိရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ ပြောကြားပါသည်။ 

လီခေ့ချန်က၊ နိုင်ငံတော်ပိုင် လုပ်ငန်းကုမ္ပဏီများ ပြုပြင်ပြောင်းလဲမှုကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအား နိုင်ငံတော်ပိုင် ဓနဥစ္စာ စီမံခန့်ခွဲမှု အခြေအနေကို အစီရင်ခံ စနစ်ကို ဖေါ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio