• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၁၇)

(GMT+08:00) 2018-03-05 10:25:40

လီခေ့ချန်က၊ လုပ်ငန်းကုမ္ပဏီများ၏ အခွန် ဝန်ထုပ်ဝန်ပိုးကို ဆက်လက် လျှော့ချ ပေးမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး စသည့် နယ်ပယ်များမှ အခွန်ကောက်ယူမှုကို အဓိကထား လျှော့ချမည် ဖြစ်ကြောင်း၊ တစ်နှစ် အတွင်း လုပ်ငန်းကုမ္ပဏီနှင့် လူသူများ၏ အခွန် ယွမ် ဘီလီယံ ၈၀၀ ကျော် လျှော့ချမည် ဖြစ်ကြောင်း၊ ဈေးကွက် ရှင်သန်စွမ်းအားနှင့် လူမှု ဆန်းသစ်စွမ်းအားကို အားဖြည့် ဖေါ်ထုတ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ လုပ်ငန်းကုမ္ပဏီများ၏ အခွန် မဟုတ်သော ဝန်ထုပ်ဝန်ပိုးများကို များစွာ လျှော့ချမည် ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း ဈေးကွက် စီးပွါးရေးအုပ်စုများ အတွက် အခွန် မဟုတ်သော ဝန်ထုပ်ဝန်ပိုး ယွမ် ဘီလီယံ ၃၀၀ ကို လျှော့ချပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ဆန်းသစ်တီထွင်ရေး အမျိုးအစားသစ် နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းကို ပိုမို လျင်မြန်စွာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ သိပံ္ပနည်းပညာ တော်လှန်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်း အခွင့်ကောင်းကို အသုံးပြုပြီး၊ ဆန်းသစ်တီထွင်ရေးဖြင့် ဖွံ့ဖြိုးမှုကို တွန်းအားပေးရန် မဟာဗျူဟာ နက်ရှိုင်းစွာ ဖေါ်ဆောင်ကာ စီးပွါးရေး ဆန်းသစ်စွမ်းအားနှင့် ယှဉ်ပြိုင်စွမ်းအားကို အဆက်မပြတ် တိုးမြှင့်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio