• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၁၆)

(GMT+08:00) 2018-03-05 10:21:16

၂၀၁၈ ခုနှစ် အစိုးရ လုပ်ငန်းဆိုင်ရာ အဆိုပြုချက်များနှင့် ပတ်သက်ပြီး လီခေ့ချန်က၊ စီးပွါရေး ဖွဲ့စည်းပုံ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာ တွန်းအားပေးမည် ဖြစ်ကြောင်း၊ အခွန် လျှော့ချရေးကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကူးသန်း ရောင်းဝယ်မှု ပတ်ဝန်းကျင် အဆက်မပြတ် ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဈေးကွက် ရှင်သန်စွမ်းအားကို တိုးမြှင့်ပြီး စီးပွါးရေး ဖွံ့ဖြိုးမှု အရည်အသွေးကို တိုးမြှင့်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

လီခေ့ချန်က၊ ထွန်းသစ်စ ကုန်ထုတ်လုပ်မှု စီးပွါးရေးအုပ်စုများ ရှင်သန် လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ သမားရိုးကျ လုပ်ငန်းများကို ပြုပြင်ပြောင်းလဲ အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ဒီဂျစ်တယ် လုပ်ငန်း ထူထောင်ရေးအတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ကုန်ထုတ်လုပ်မှု နိုင်ငံကြီး ထူထောင်ရေး လုပ်ငန်းကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် သံမဏိ ထုတ်လုပ်မှု တန်ချိန် ၁၀ သန်းကို ဆက်လက် လျှော့ချမည် ဖြစ်ကြောင်း၊ စံမမီသော ကီလိုဝပ် ၃ သိန်းအောက် ဖြစ်သည် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို ပိတ်ထားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio