• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၁၅)

(GMT+08:00) 2018-03-05 10:08:57

လီခေ့ချန်က၊ ဘဏ္ဍာရေး မူဝါဒ၏ ဦးတည်ချက်ကို ဆက်လက် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း၊ ဘဏ္ဍရေး သုံးငွေ ဖွဲ့စည်းပုံ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေး သုံးငွေ၏ အများတကာ အကျိုးရှိစေရေးကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေးကို ဦးစားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ပုံမှန် တည်ငြိမ်သော ငွေကြေး မူဝါဒကို ထိန်းသိမ်းမည် ဖြစ်ကြောင်း၊ ပိုမို များပြားသော ငွေရင်းများကို အသေးစား လုပ်ငန်းကုမ္ပဏီ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆင်းရဲသော ဒေသများတွင် အသုံးပြုလာရန် လမ်းညွှန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် စီးပွါးရေး အတွေးအခေါ်ကို ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး လုပ်ငန်း အခြေခံမူကို စွဲကိုင် ရမည် ဖြစ်ကြောင်း၊ အရည်အသွေး မြင့်မားစွာ တိုးတက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှု မညီမျှရေး ပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ စီးပွါးရေး ဥပဒေသကို လေးစားရမည် ဖြစ်ပြီး စီးပွါးရေး လည်ပတ်မှုကို တရားနည်းလမ်းကျသော ဘောင်တွင်း၌ ရှိနိုင်အောင် အာမခံပေးရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့်် တံခါးဖွင့်ရေးကို အားဖြည့်် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အသင့်အတင့် ချမ်းသာသော လူ့ဘောင် အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ ထူထောင်ရေးလုပ်ငန်း အောင်ပွဲရအောင်  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူမှုရေး တရားမျှတမှုနှင့် လူသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ နေထိုင်မှုဘဝ တစ်နှစ်ထက် တစ်နှစ် ကောင်းမွန်လာအောင် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio