• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၁၂)

(GMT+08:00) 2018-03-05 09:51:54

လီခေ့ချန်က၊ မိမိတို့သည် ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးကို စွဲကိုင်ပြီး စနစ် ဆိုင်ရာ ချို့ယွင်းမှုများကို ဖယ်ရှားကာ ဖွံ့ဖြိုးရေးစွမ်းအား အဆက်မပြတ် ရှင်သန် တိုးမြင့် လာကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ မိမိတို့သည် တံခါးဖွင့်ရေး နိုင်ငံတော် အခြေခံမူဝါဒကို စွဲကိုင်ပြီး အပြန် အလှန် အကျိုးရှိစေရေး ဖေါ်ဆောင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တံခါးဖွင့် စီးပွါးရေး အရည်အချင်းမှာ ထင်ရှားစွာ တိုးမြင့်လာကြောင်း၊ Belt and Road လက်တွဲ တည်ဆောက်ရေးကို ရှေ့ဆောင် တွန်းအားပေးပြီး အာရှ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေးဘဏ်ကို ရှေ့ဆောင် တည်ထောင်ခဲ့ကြောင်း၊ Belt and Road ရန်ပုံငွေကို ထားရှိပြီး အပြန်အလှန် ဆက်သွယ်ရေးနှင့် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း တစ်သုတ်ကြီးကို အကောင်အထည် ဖေါ်ဆောင်ခဲ့ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ မိမိတို့သည် ဒေသတွင်း ပြေပြစ်စွာ ဖွံ့ဖြိုးရေးနှင့် အမျိုးအစားသစ် မြို့ပြ တည်ဆောက်ရေး မဟာဗျူဟာကို စွဲကိုင်ပြီး ညီမျှစွာ ဖွံ့ဖြိုးရေး ဖွဲ့စည်းပုံ ဖြစ်တည် လာအောင် တွန်းအားပေးခဲ့ကြောင်း၊ ဖွံ့ဖြိုးရေးဇုန်သစ်များ လျင်မြန်စွာ ရှင်သန် လာကြောင်း၊ ပီကင်း၊ ထျန်ကင်း၊ ဟိုပေ ပြည်နယ် ညှိနှိုင်း ဖွံ့ဖြိုးမှု၊ ယန်စီမြစ် စီးပွါးရေး ဖွံ့ဖြိုးရေးဇုန် တိုးတက်ရေးကို တက်ကြွစွာ တွန်းအားပေးခဲ့ကြောင်း၊ သက်ဆိုင်ရာ စီမံကိန်းများ ချမှတ်ပြီး အရေးကြီး လုပ်ငန်းစဉ်များကို တည်ဆောက်ခဲ့ကြောင်း ပြောကြားပါသည်။

   Webradio