• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၁၀)

(GMT+08:00) 2018-03-05 09:47:36

လီခေ့ချန်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း မိမိတို့သည် ရဲဘော်ရှီကျင့်ဖိန်ကို အမြုတေ အဖြစ်ထားသော ပါတီဗဟိုကော်မတီ၏ စီမံကိန်းများကို ဖေါ်ဆောင်ပြီး အဓိက အားဖြင့် အောက်ပါ လုပ်ငန်းများကို လုပ်ဆောင်ပါကြောင်း ပြောကြားပါသည်။

လီခေ့ချန်က၊ မိမိတို့သည် တည်ငြိမ်မှုထဲတွင် တိုးတက်မှာ ရှာကြံရေးမူကို စွဲကိုင်ပြီး၊ မက္ကရို စီးပွါးရေး ညှိနှိုင်းမှုနှင့် ဆန်းသစ်တီထွင်မှုကို အားဖြည့်ကာ စီးပွါးရေး လည်ပတ်မှုသည် တရားနည်းလမ်းကျသည့် မူဘောင်တွင်း၌ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားပါသည်။ 

လီခေ့ချန်က၊ မိမိတို့သည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို အဓိက အဖြစ်ထားပြီး စွဲစွဲမြဲမြဲ ဆောင်ရွက်ကာ၊ စွမ်းအားသစ် မွေးထုတ် ရှင်သန်ရေးကို အားဖြည့် ဆောင်ရွက်ခဲ့ကြောင်း၊ စီးပွါးရေး ဖွဲ့စည်းပုံ တိုးတက်ကောင်းမွန်ပြီး အဆင့် မြင့်တင် လာကြောင်း ပြောကြားပါသည်။

 

   Webradio