• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၅)

(GMT+08:00) 2018-03-05 09:19:49

လီခေ့ချန်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဆန်းသစ်တီထွင်ရေးဖြင့် ဖွံ့ဖြိုးမှုကို တွန်းအား ပေးရေးနယ်ပယ်တွင် အောင်ကျိုးရလဒ်များစွာကို ရရှိခဲ့ကြောင်း၊ တစ်ပြည်လုံး သုတေသနပြုရေး နယ်ပယ်တွင် ငွေရင်းမြှုပ်နှံမှုပမာဏမှာ နှစ်စဉ်ပျမ်းမျှ ၁၁ ရာခိုင်နှုန်း တိုးလာပြီး ကမ္ဘာ့ ဒုတိယနေရာသို့ တက်လာပါကြောင်း၊ သိပံ္ပနည်းပညာ တိုးတက်မှုဆိုင်ရာ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၅၂့ ၂ ရာခိုင်နှုန်း ရှိရာမှနေ ၅၇့ ၅ ရာခိုင်နှုန်း အထိ တိုးမြင့် လာကြောင်း၊ လျင်မြန်စွာ ဖွံ့ဖြိုး ရှင်သန်လာသော စွမ်းအင်သစ်သည် တရုတ် စီးပွါးရေး တိုးတက်မှု အခြေအနေသစ် ဖြစ်တည်လာစေပါကြောင်း၊ ယင်းသည် တရုတ်ပြည် ဆန်းသစ် ဖွံ့ဖြိုးရေးဆိုင်ရာ အမှတ်အသား လက္ခဏာသစ် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio