• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ(၂)

(GMT+08:00) 2018-03-05 09:11:41

လီခေ့ချန်က၊ ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး ကျင်းပပြီးနောက် ငါးနှစ်တာ ကာလသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးရေး ဖြစ်စဉ်တွင် မွန်မြတ်သော ကာလ ဖြစ်ကြောင်း၊ လွန်စွာ ရှုပ်ထွေးပွေလီသော ပြည်တွင်း ပြည်ပ အခြေအနေကို ရင်ဆိုင်လျက် ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေ အဖြစ်ထားသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများကို ဦးဆောင်ပြီး အခက်အခဲများကို ကျော်လွှားကာ ရှေ့သို့ ချီတက် ခဲ့ကြောင်း၊ ၁၂ ခုမြောက် ငါးနှစ်စီမံကိန်းကို အောင်မြင်စွာ ဖေါ်ဆောင်နိုင်ခဲ့ပြီး ၁၃ ခုမြောက် ငါးနှစ် စီမံကိန်းကို ချောမောစွာ ဖေါ်ဆောင်နေကြောင်း၊ စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုတွင် သမိုင်းဝင် အောင်မြင်မှုနှင့် သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများကို ရရှိခဲ့ကြောင်း ပြောကြား ပါသည်။

   Webradio