• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ် လျော့ပါးလာသော အခြေအနေ ဆက်လက် တည်ငြိမ်ရန် တရုတ်မျှော်လင့်

(GMT+08:00) 2018-03-04 15:53:39

        ပျုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် အောင်မြင်စွာ ကျင်းပခဲ့ခြင်းကြောင့် ကိုးရီးယားကျွန်းဆွယ် အခြေအနေ အသင့်အတင့် လျော့ပါးလာသည်။ တရုတ်ပြည်ဘက်သည် ကိုးရီးယားကျွန်းဆွယ်အခြေအနေ၏ အပြုသဘောဆောင်သော ပြောင်းလဲမှုကို ကြိုဆိုကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် လက်ရှိအခြေအနေကို ထိန်းသိမ်းကာကွယ်ကြရန် တရုတ်ပြည်ဘက်က မျှော်လင့်ကြောင်း ယခုလ ၄ ရက်နေ့က ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ကျန်းယက်ဆွေက ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio