၁၃ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ပထမအကြိမ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပမည်ဟုစီအာအိုင်သတင်းအရသိရသည်။
ထိုအချိန်တွင် စီအာအိုင်အသံလွှင့်ဌာနသည် အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာစကားဖြင့် တိုက်ရိုက်အသံလွှင့်မည်ဖြစ်သည်။
တရုတ်၊ အင်္ဂလိပ်၊ ဂျပန်၊ လာအို၊ မြန်မာအပါအဝင် ဘာသာစကားအမျိုး ၄၀ ဖြင့် China News ဘာသာစကားမျိုးစုံ APP ၊ facebook ၊ twitter ၊ micro blog ၊ we chat စသည့်ပြည်တွင်းပြည်ပလူမှုကွန်ရက်ကနေတဆင့် ၁၃ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး ဆိုင်ရာသတင်းများကို ကျင်းပသည့်အချိန်နှင့်တပြေးညီဖေါ်ပြမည် ဖြစ်သည်။