• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ချိုအင်လိုင်း၏ နှစ်၁၂၀ပြည့်မွေးနေ့ အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2018-03-02 13:16:43

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ကွယ်လွန်သွားခဲ့သော တရုတ်နိုင်ငံတော် ခေါင်းဆောင် ချိုအင်လိုင်း၏ နှစ်၁၂၀ပြည့်မွေးနေ့ အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲကို ယခုလ ၁ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရဲဘော်ချိုအင်လိုင်း၏ ကြီးမြတ်ဂုဏ်ပြောင်သော တစ်သက်တာလုံးကို ပြန်လည်သုံးသပ်ရာ ချိုအင်လိုင်းသည် တရုတ်ကွန်မြူနစ်ပါတီဝင်များ အတွက် ထာဝစဉ်တည်မြဲသော အလံဖြစ်ကြောင်း ပြောကြားသည်။

 ထို့အပြင်၊ ရှီကျင့်ဖိန်က ၄င်းနှီးနှောဖလှယ်ပွဲ၌ အရေးကြီး မိန့်ခွန်းပြောကြားရာ ခေတ်ကာလသစ်တွင် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ်၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို သတ်မှတ်ပေးပြီး တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသည် လိုင်းလေကြားမှ ချီတက်နေကြောင်း၊ ရဲဘော်ချိုအင်လိုင်း အသက်ထင်ရှား ရှိစဉ်က စွဲလမ်းတမ်းတသည့် တရုတ်ပြည် ခေတ်မီရေး ရည်မှန်းချက်ကို မကြာရှည်သည့်  အနာဂတ်တွင် လုံးဝ အကောင်အထည်ဖော် နိုင်မည်မှာ မုချမလွဲဖြစ်ကြောင်း ပြောကြား သည်။

 

   Webradio