• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တွန်ဂါဘုရင်နှင့် ရှီကျင့်ဖိန်တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-03-02 10:13:09

မတ်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ အလည်အပတ်ရောက်ရှိနေသော တွန်ဂါနိုင်ငံဘုရင် King Tupou VIနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ခေါင်းဆောင်နှစ်ဦးတို့သည် ယခုအချိန်မှစ၍ တရုတ်-တွန်ဂါနှစ်နိုင်ငံ အကြား မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းအတွက် လက်တွဲကြိုးပမ်းရန်ု သဘောတူကြကြောင်း သိရပါသည်။

တွေ့ဆုံပွဲအပြီးတွင်ခေါင်းဆောင်နှစ်ဦးတို့သည် စီးပွားရေးနည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖော်ထုတ်ရေး၊ ပညာရေးစသည့်နယ်ပယ်များတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်များကို မျက်မြင်သက်သေများရှေ့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

   Webradio