• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် အပေါ် ဖိလစ်ပိုင် နိုင်ငံရေး နယ်ပယ်က အရှိန်အဝါကြီးသူများ ချီးကျူး

(GMT+08:00) 2018-03-01 15:27:31

ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၂၇ရက်နေ့က ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပခဲ့ကြောင်း၊ ဖိလစ်ပိုင် နိုင်ငံရေး နယ်ပယ်က အရှိန်အဝါကြီးသူ များသည် ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် အပေါ် ချီးကျူးကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌ အာလ်ဗာရက်ဇ်က မိမိသည် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေဖြန့်ချိသော "ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ် ဒုတိယအုပ်ကို ရရှိပြီးလျှင် လေးနက်စွာ ဖတ်ရှုကာ ၄င်းစာအုပ်တွင် ပါရှိသော ရှီကျင့်ဖိန် အတွေးအခေါ်၏ အနှစ်သာရများကို လေ့လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ဖိလစ်ပိုင် ပြည်ထဲရေး ဝန်ကြီးဌာန လက်ထောက် ဝန်ကြီး မာလာယာက ရှီကျင့်ဖိန်၏ ပါတီဝင်များကို တင်ကျပ်စွာ စီမံအုပ်ချုပ်ရေး ဆိုင်ရာ ပြောဆိုချက်သည် မိမိစိတ်ထဲတွင် စွဲကျန်ရစ်စေခဲ့ကြောင်း၊ ပါတီ၏စည်းကမ်းသတ်မှတ်ချက်များကို တင်းကျပ်စွာ စွဲကိုင် ကျင့်သုံးခြင်းသည် ပါတီတစ်ခု၏ အဆက်မပြတ် တည်ငြိမ်ရှင်သန်စွာ ဖွံ့ဖြိုးကြီးထွားရေး အတွက် အရေးကြီးကြောင်း၊ ယင်းအချက်ကို ဖိလစ်ပိုင်မှ နည်းယူလေ့လာထိုက်ကြောင်း ပြောကြားသည်။

   Webradio