• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျင်းပတော့မယ့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး အပေါ် တစ်စေ့တစ်စောင်း

(GMT+08:00) 2018-03-01 14:30:53

မကြာခင်မှာပဲ တရုတ်နိုင်ငံရဲ့နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ တရုတ်ပြည်လုံး ဆိုင်ရာပြည်သူ့ကွန်ဂရက်အစည်းအဝေးနှင့် နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေး တွေကို ကျင်းပတော့မှာဖြစ်ပါတယ်။ (၁၃)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးကို လာမယ့် မတ်လ(၅)ရက်နေ့မှာ စတင်ကျင်းပ မှာဖြစ်ပြီး နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပထမအကြိမ်အစည်းအဝေးကို မတ်လ(၃) နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။  ဒီအစည်းအဝေးတွေဟာဆိုရင် တရုတ်နိုင်ငံဥက္ကဌ ရှီကျင့်ဖိန် ရဲ့ဒုတိယသက်တမ်းအတွက် ပထမဆုံးအကြိမ်ကျင်းပတဲ့ အစိုးရလုပ်ငန်းဆိုင်ရာ အစည်း အဝေးလည်းဖြစ်ပါတယ်။  ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့၂၀၁၇ တစ်နှစ်တာအတွင်း အစိုးရ အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၈ခုနှစ်အတွက် လျာထားဆောင် ရွက်မယ့် လုပ်ငန်းစဉ်တွေနှင့်ပတ်သက်ပြီးအစိုးရအဖွဲ့အစီရင်ခံစာကိုတင်ပြဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လက ကျင်းပခဲ့တဲ့ (၁၂)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာ အစိုးရအဖွဲ့အနေနဲ့ အစီရင်ခံစာထဲမှာ  ၂၀၁၇ခုနှစ် အတွင်း လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ် (၉)ခုကို တင်ပြခဲ့ပါတယ်။ တင်ပြခဲ့တဲ့ လုပ်ငန်း စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့  ဆင်းရဲမှုလျော့ချရေး၊ နည်းပညာ ဆန်းသစ်တီထွင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေးဈေးကွက်ချဲ့ထွင်ရေး၊ ပြည်ပနှင့်ဆက်သွယ်မှုတံခါးကို ပိုမိုဖွင့်လှစ်ပြီး ရင်းနှီးမြှပ်နှံမှုတွေ တိုးချဲ့ရေးစသဖြင့် ဒီကဏ္ဍ တွေကိုတွေ့ရမှာဖြစ်ပါတယ်။

ဒီကဏ္ဍတွေထဲက ပြည်ပနှင့်ဆက်သွယ်မှုတံခါးပိုမိုဖွင့်လှစ်ရေးနှင့် စီးပွားရေး ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် အရေးပါလှတဲ့ OBOR ဖိုရမ်ကြီးကို ပြီးခဲ့တဲ့နှစ် မေလ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပါတယ်။ အဲဒီ ဖိုရမ်မှာဆိုရင် နိုင်ငံတကာ အကြီးအကဲ(၂၀)ကျော်တက်ရောက်ခဲ့ပြီး အခြားကဏ္ဍဆိုင်ရာကိုယ်စားလှယ် (၂၀၀၀) ကျော်လည်း တက်ရောက်ခဲ့တာတွေ့ရပါတယ်။ ဒီဖိုရမ်ဟာဆိုရင် တရုတ်ပြည်ရဲ့ မဟာ စီးပွားဈေးကွက် ချဲ့ထွင်နိုင်ဖို့အတွက် အထူးအရေးပါလှပါတယ်။ ဒီဖိုရမ်အပြီးမှာ One Belt One Road တစ်လျှောက်ရှိ နိုင်ငံတွေနှင့်သဘောတူညီမှုတွေ ရရှိသွားခဲ့တာကိုတွေ့ရပါ တယ်။ ဒါဟာ၂၀၁၇ခုနှစ်အတွက် အစိုးရအဖွဲ့က လုပ်ဆောင်မယ့် မျှော်မှန်းချက်တွေထဲက အောင်မြင်မှု တစ်ခုလို့ဆိုရပါမယ်။

နောက်တစ်ခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ။ ဒီကဏ္ဍထဲမှာ ဆိုရင် လေထုညစ်ညမ်းမှုနှင့်ရေဆိုးထုတ်မှုစနစ်ထိန်းချုပ်ရေးလုပ်ငန်းတွေပါဝင်လာပါတယ်။ ၂၀၁၇ခုနှစ်အတွင်းမှာ  ကျောက်မီးသွေးထုတ်လုပ်မှု တန်ချိန်သန်းပေါင်း(၁၅၀)ကျော် လျော့ချဖို့နှင့် သံနှင့်သံမဏိထုတ်လုပ်မှု တန်ချိန် သန်း(၅၀)ခန့် လျော့ချဖို့ လျာထားခဲ့တာ တွေ့ရပါတယ်။ ဒီလိုလျာထားဆောင်ရွက်ခဲ့သည့်အတိုင်း ကျောက်မီးသွေး ထုတ်လုပ်မှုကို လျော့ချကာ ကျောက်မီးသုံးစွမ်းအင်နေရာတွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သန့်စင် စွမ်းအင်တွေကို အစားထိုးအသုံးပြုဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး ရေသန့်ရှင်းမှုနှင့် ရေဆိုးထုတ်လုပ်မှု မှန်ကန်ဖို့ကိုလည်း ဥပဒေများထုတ်ပြန့်ကာ ကြီးကြပ်ရေးမှူးများခန့် ပြီးဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ လေထုညစ်ညမ်းမှုကို လျော့ချနိုင်ဖို့အတွက် လည်း စီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ရာမှာ တရုတ်ပြည်လုံး ၂၀၁၇ခုနှစ်အတွင်းမှာ လေထုညစ် ညမ်းမှု သိသိသာသာလျော့ကျသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ၂၀၁၇ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ မြို့ပေါင်း (၃၃၈)မြို့ရဲ့ စစ်တမ်းအရ လေထု ထဲတွင် PM-2.5ပါဝင်မှုနှုန်းကို ၂၀၁၆ခုနှစ်ကထက် (၆.၅)ရာခိုင်နှုန်း၊ PM-10 ပါဝင်မှုနှုန်းကို (၅)ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပါတယ်။ ပီကင်းမြိှု့နှင့် အနီးဝန်းကျင်အတွက်ကတော့ လေထုထဲတွင် PM-2.5 ပါဝင်မှုနှုန်းကို ၂၀၁၆ခုနှစ်ကထက် (၄၀)ရာ ခိုင်နှုန်းအထိ လျော့ချ နိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်တစ်ခါ အလုပ်အကိုင်ရရှိမှုနှင့်ပတ်သက်လို့လည်း တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့(၅)နှစ်အတွင်း မြို့ပြအလုပ်အကိုင်ရရှိသူ နှစ်စဉ် (၁၃)သန်းကျော်ရှိခဲ့ပြီးတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ မြို့ပြအလုပ်အကိုင်ရရှိသူဟာ ဒီပမာဏ ထက်အနည်းငယ်ပိုခဲ့ပြီး အလုပ် လက်မဲ့နှုန်း (၃.၉)ရာခိုင်နှုန်းရှိပါတယ်။ ဒီပမာဏဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စက်မှုလက်ငန်းတွေဟာ ၂၀၁၇ခုနှစ်အတွင်းမှာ ပိုမိုတည်ငြိမ်မှုရှိလာသလို အညွန်းကိန်း တိုးတက်မှုတွေကလည်း မြင့်တက်လာခဲ့ပါတယ်။ တိုးတက်မှုတန်းဖိုးစုစုပေါင်း တရုတ် ယွမ်ငွေ ဘီလီယံ (၂၈၀၀၀)ရှိ ခဲ့ပြီး ဂျီဒီပီရဲ့ (၃၀)ရာခိုင်နှုန်းရှိခဲ့တယ်လို့ တရုတ်စက်မှုလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ် ငန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားတာကို တွေ့ရပါတယ်။ နောက်တစ်ခါ လမ်း ပန်းဆက်သွယ်ရေးကဏ္ဍအတွက် ၂၀၁၇ခုနှစ်အတွင်းမှာ ရထားလမ်းဆောက်လုပ်ရေးလုပ် ငန်းအတွက် တရုတ်ယွမ်ငွေ ဘီလီယံ (၈၀၀)နှင့်အထက် ရင်းနှီးမြှပ်နှံပြီး ရထားလမ်းအရှည် ကီလိုမီတာ (၂၁၀၀)ကျော်တည်ဆောက်ဖို့ ရည်မှန်းဆောင်ရွက်ခဲ့ပြီး ၂၀၁၇နှစ်ကုန်ပိုင်း မှာတော့ ဒီရည်မှန်းချက်တွေပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံအစိုးရအနေနဲ့ နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ ပိုမိုတိုးတက်လာစေဖို့  ၂၀၁၇ခုနှစ်အတွင်း တွန်းအားပေးဆောင်ရွက်ဖို့ လျာထားခဲ့သည့် အတိုင်း လုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့မှုတွေအရ ၂၀၁၇ခုနှစ်မှာ တရုတ်-အာဆီယံကုန်သွယ်မှုပမာဏဟာ  အမေရိကန်ဒေါ်လာ (၅၁၄.၈)ဘီလီယံရှိခဲ့ပြီး ၂၀၁၆ခုနှစ်ကထက် (၁၃.၈)ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ တရုတ်-အာဆီယံ ကုန်သွယ်ရေး ကောင်စီရဲ့သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ သွင်းကုန်ပို့ကုန်ပမာဏအနေနဲ့ လည်း ၂၀၁၇ခုနှစ်အတွင်းမှာ တရုတ်ယွမ်ငွေ သန်းပေါင်း(၂၈၀၀)ခန့်ရှိခဲ့ပါတယ်။ ဒီပမာဏ ဟာဆိုရင် ပြီးခဲ့တဲ့ (၂)ဆက်တိုက် သွင်းကုန်ပို့ကုန်ပမာဏကျဆင်းနေမှုအခြေအနေကို ရပ်တန့် ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ တရုတ်နှင့် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် အာဆီ ယံအကြား သွင်းကုန်ပို့ကုန်ပမာဏဟာ ဒီနှစ်ထဲမှာ သိသိသာသာတိုးတက်လာခဲ့ပြီး စုစု ပေါင်းပမာဏရဲ့ (၄၀)ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ တရုတ်အကောက်ခွန်ဌာနက ထုတ်ပြန် တဲ့ စာရင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီတော့ ဒီအချက်တွေကို ပြန်ကြည့်မယ်ဆိုရင် တရုတ်အစိုးရအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း လျာထားခဲ့တဲ့ မျှော်မှန်း ချက်တွေကို ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့တယ် လို့ ဆိုရပါမယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ အရေးအကြီးဆုံးအစည်း အဝေးတစ်ခုဖြစ်တဲ့ (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကိုလည်း ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံ မှာ တရုတ်နိုင်ငံရဲ့ ဥက္ကဌအဖြစ် ရှီကျင့်ဖိန် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံခဲ့ ရပြီး ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ကိုလည်း အသစ်ပြန်လည်ဖွဲ့ စည်းခဲ့ပါတယ်။

ဒီအတွက်ကြောင့် အခု ရှီကျင့်ဖိန်ရဲ့ ဒုတိယသက်တမ်းမှာ ပထမဆုံအကြိမ် ကျင်းပတဲ့ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးရဲ့ အစိုးရ အစီရင် ခံစာမှာ နိုင်ငံရဲ့ရှေ့ဆက်ဆောင်ရွက်မယ့်မူဝါဒသစ်တွေကို ထည့်သွင်း ပြောကြားလာနိုင် ပါတယ်။ (၁၉)ကြိမ်မြောက်မှာ တရုတ်ကွန်မြူနစ်ပြည်လုံးဆိုင်ရာအထွေထွေညီလာခံမှာ ဥက္ကဌရှီကျင့်ဖိန်ပြောကြားခဲ့တဲ့ အချက်တွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပြည်သူ တွေရဲ့လူမှုဘ၀ပိုမိုအဆင်ပြေလာစေရေးတို့ကို ကဏ္ဍတစ်ခုအနေနဲ့ အစိုးရအစီရင်ခံစာမှာ ထပ်မံထည့်သွင်းလာနိုင်ပြီး  ခေတ်သစ်တရုတ် ထူးခြားချက်ဝိသေသပါ ဆိုရှယ်လစ် စနစ် ကောင်းမွန်စေရန်ဆိုတဲ့ အခြေခံမူကိုလည်း အစိုးရအဖွဲ့အနေနဲ့ လေးလေးနက်နက်တိုက် တွန်းပြောကြားလာနိုင်ပါတယ်။ အခုကျင်းပမယ့် အစည်းအဝေးတွေဟာဆိုရင် တရုတ်နိုင်ငံ ရဲ့ တိုးတက်မှု၊အောင်မြင်မှုတွေ၊ အစိုးရရဲ့ ဆောင်ရွက်နေတဲ့၊ ဆောင်ရွက်မယ့် လုပ်ငန်းစီမံ ချက်တွေကို ပြည်သူတွေသိအောင်နှင့် ကမ္ဘာ့နိုင်ငံတွေသိရှိအောင် ညွှန်းဆိုပြနေတဲ့ အစည်း အဝေးလို့ပြောရင် မှားမယ်မထင်ပါ။  ဒီအစည်းအဝေးမှာ တရုတ်အစိုးရ အနေနဲ့ ဘယ်လို လုပ်ငန်းစီမံချက်တွေ ပါလာမလဲဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြ လိမ့်မယ်လို့ ထင်မြင်မိကြောင်းပါ။  

                                                                                                      အောင်မာန်(ဆော)

   Webradio