• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ ပြီးစီး

(GMT+08:00) 2018-03-01 09:21:06

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၂၈ ရက်နေ့က ပီကင်း၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီထံသို့ တင်သွင်းမည့် နိုင်ငံတော် ဌာန ခေါင်းဆောင်များနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ခေါင်းဆောင်များ အမည်စာရင်းကို အတည်ပြုခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပါတီနှင့် နိုင်ငံတော် ဌာနများ ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ်ရေး အဆိုပြုချက်ဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ပါတီနှင့် နိုင်ငံတော် ဌာနများ ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ်ရေး အဆိုပြုချက်တို့ကို စိစစ် အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေး အပြီး ထုတ်ပြန်သော ကြေညာချက်တွင်၊ ကျင်းပတော့မည့် ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး သဘာပတိအဖွဲ့နှင့် ၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပထမ အကြိမ် အစည်းအဝေး သဘာပတိအဖွဲ့သို့ တင်သွင်းရန် နိုင်ငံတော်ဌာန ခေါင်းဆောင်များနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ခေါင်းဆောင်များ အမည်စာရင်းမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့က ပါတီဝင်နှင့် ပါတီဝင်မဟုတ်သော ပုဂ္ဂိုလ်များ၏ အဆိုပြုချက်များကို ကျယ်ပြန့်စွာ ကြားနာပြီး အကြိမ်ကြိမ် တိုင်ပင်ဆွေးနွေးပြီးနောက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio