• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ စင်ကာပူ တက်ရောက်မည်

(GMT+08:00) 2018-02-23 15:33:50

ပထမဆုံး အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ယခုနှစ် နိုဝင်ဘာလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၂၂ရက်နေ့က စင်ကာပူ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး စီးပွားကုန်သွယ်ရေး ဌာနနှင့် စင်ကာပူ စက်မှုကုန်သွယ်ရေး သမဂ္ဂတို့သည် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို မိတ်ဆက်ဖြန့်ချိခဲ့ကြကြောင်း၊ စင်ကာပူ ကုမ္ပဏီများသည် ယခုအကြိမ် ကုန်စည်ပြပွဲ အပေါ် မျှော်လင့်ချက် များစွာ ထားရှိပြီး ကုန်စည်ပြပွဲဖြင့် ၄င်းတို့၏ ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို မိတ်ဆက်ဖြန့်ချိရန် မျှော်လင့်ကြောင်း ဖော်ပြသည်။

၎င်းသတင်းစာ ရှင်းလင်းပွဲတွင် စင်ကာပူ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး စီးပွား ကုန်သွယ်ရေး သံမှူး ကျုံးမန့်ယင်းက ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ "ခေတ်ကာလသစ်၊ ပလက်ဖောင်းသစ်" ဖြစ်ကြောင်း၊ စင်ကာပူ နိုင်ငံရေး နယ်ပယ်က အရှိန်အဝါကြီးသူများ၊ စက်မှုကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအား ကုန်စည်ပြပွဲသို့ ပါဝင်တက်ရောက်ပြီး ယင်းကုန်စည်ပြပွဲကို အသုံးပြုကာ ကူးလူးဖလှယ်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ရန် တရုတ် အစိုးရ အနေနှင့် မေတ္တာနှင့် ကြိုဆိုကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက နိုင်ငံ ၁၀၀ကျော်နှင့် လုပ်ငန်းရှင် ၁သိန်း၅သောင်းသည် ယခုအကြိမ် ကုန်စည်ပြပွဲသို့ တက်ရောက်မည်ဟု ခန့်မှန်းရကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

 

   Webradio