• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းနိုင်ငံတွင် တရုတ် ရိုးရာနှစ်သစ် နွှဲပျော်ခြင်း လှုပ်ရှားမှုများ ကျင်းပ

(GMT+08:00) 2018-02-22 15:32:05

ယခုလ ၁၃ရက်နေ့က တရုတ်ပြည်မှ အနုပညာရှင် ၃၇၀ ပါဝင်သော ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ ၂၁ဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နှင့် ဇင်းမယ်၊ ပူကက်၊ နာကွန်စာဝမ်နှင့် အူဒွန်သာနီ အပါအဝင် ဒေသ ၆ခုတွင် ပြပွဲ၊ တင်ဆက်ပြသမှု၊ ယဉ်ကျေးမှု လှုပ်ရှားမှုနှင့် စားကောင်းသောက်ဖွယ်များ စားသောက်ခံစားခြင်း စသည့် လှုပ်ရှားမှုများကို စတင်ကျင်းပပြီး ထိုင်းပြည်သူများနှင့် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော်ကို အတူနွှဲပျော်ကြကာ ထိုင်းအစိုးရနှင့် ပြည်သူများမှ လှိုက်လှဲသော ကြိုဆိုခြင်း ခံရကြောင်း၊ ယင်းနွှဲပျော်ခြင်း လှုပ်ရှားမှုများကို မတ်လ ၆ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

လွန်ခဲ့သော နှစ်များတွင် တရုတ်နှင့်ထိုင်း နှစ်နိုင်ငံ အစိုးရတို့သည် တရုတ် ရိုးရာနှစ်သစ် နွှဲပျော်ခြင်း လှုပ်ရှားမှုများ ပူးပေါင်းကျင်းပလေ့ရှိကြကြောင်း၊ ယခုနှစ် လှုပ်ရှားမှု၏ အတိုင်းအတာသည် အထူးကြီးမားကြောင်း၊ တရုတ်ပြည်မှ တင်ဆက်ပြသမှု အဖွဲ့ များပြားရုံ သာမကဘဲ တင်ဆက်ပြသမှု နည်းလမ်းလည်း မျိုးစုံဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယဉ်ကျေးမှု သံမှူး လန်စုဟုန်က တရုတ်အစိုးရသည် ပြည်တွင်း ပြည်နယ်နှင့်မြို့ ၁၉ခုမှ အနုပညာအဖွဲ့များကို အကွက်စေ့စေ့ ရွေးချယ်ခဲ့ကြောင်း၊ ထိုင်းပြည်သူများအား ဆွဲဆောင်ပြီး တရုတ် ယဉ်ကျေးမှု အပေါ် သိရှိနားလည်မှု တိုးပွား စေရန် အတွက် မိမိတို့သည် ထိုင်းပြည်သူများ၏ ကြိုက်နှစ်သက်မှုနှင့် အညီ ဇာတ်ရုံတွင် တင်ဆက်ပြသမှု ကျင်းပသည့် အပြင်၊ ကုန်စုံဆိုင်နှင့် အခန်းပြင်ဘက်များတွင်လည်း တင်ဆက်ပြသမှုများကို ကျင်းပရန် စီစဉ်ပေးကြောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် တရုတ် ရိုးရားနှစ်သစ် နွှဲပျော်ခြင်း လှုပ်ရှားမှုများသည် ကမ္ဘာပေါ်တွင် အတိုင်းအတာ အကြီးမားဆုံး ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်း-တရုတ် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်များ သမဂ္ဂ ဥက္ကဋ္ဌ ဝူလင့်ဖိန်က ထိုင်းနိုင်ငံတွင် တရုတ် ရိုးရာ ယဉ်ကျေးမှု လှုပ်ရှားမှုများ ကျင်းပခြင်းသည် ကြီးမားသည့် အနက်အဓိပ္ပါယ် ပါရှိကြောင်း၊ ယခုတွင် နိုင်ငံအချို့သည် တရုတ် ရိုးရာနှစ်သစ်ကူးပွဲတော်ကို ၄င်းတို့နိုင်ငံ၏ ပွဲတော်အဖြစ် သဘောထားကြောင်း၊ ယင်းသည် တစ်ကမ္ဘာလုံးတွင် တရုတ်ယဉ်ကျေးမှု၏ သြဇာသက်ရောက်မှုကို ပြဆိုနေကြောင်း ပြောကြားသည်။

ထိုင်းအစိုးရသည် ယခုနှစ် နွှဲပျော်ခြင်း လှုပ်ရှားမှု အပေါ် အင်တိုက်အားတိုက် အားပေးထောက်ခံကြောင်း၊ ထိုင်းမင်းသမီးကြီး သီရိဒုံနှင့် ဝန်ကြီးချုပ် ပရာယွတ်စသည်တို့ သည် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ ထိုင်းအမျိုးသား ခရီးသွား ဌာန ဌာနမှူး ယူတာစာက ထိုင်းနိုင်ငံရှိ တရုတ် အနွယ်ဖွားများသည် ထိုင်းနှင့် တရုတ် နှစ်နိုင်ငံ အကြား ကောင်းမွန်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းထားရေး အတွက် အလွန်အရေးကြီးကြောင်း၊ ထို့အပြင်၊ ၄င်းတို့သည် အခြားနယ်ပယ်များတွင် လစ်လျူရှု၍ မရသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ Belt and Roadသည် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး နယ်ပယ်တွင်သာမကဘဲ ထိုင်းနှင့် တရုတ် နှစ်နိုင်ငံ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ပေါင်းကူးတံတားကိုလည်း တည်ဆောက် ပေးကြောင်း၊ နှစ်နိုင်ငံ အရပ်ဘက်မှ ကူးလူးဖလှယ်မှုကို များစွာ တွန်းအားပေးပြီး ယဉ်ကျေးမှု ဆိုင်ရာ အပြန်အလှန် သိရှိနားလည်မှုကိုလည်း တိုးမြှင့်ကြောင်း ပြောကြားသည်။

   Webradio