• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်အာဖရိက သမ္မတ ရာမာဖိုစာထံ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2018-02-17 15:10:38

ယခုလ ၁၆ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တောင်အာဖရိက နိုင်ငံ သမ္မတ အဖြစ် အရွေးခံရသော ရာမာဖိုစာထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က သမ္မတ ရာမာဖိုစာသည် တရုတ်ပြည်သူများ၏ မိတ်ဆွေကောင်း ဖြစ်ပြီး တရုတ်-တောင်အာဖရိက ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်ခဲ့ကြောင်း၊ မိမိသည် တရုတ်- တောင်အာဖရိက ဆက်ဆံမှု အပေါ် အလွန် အလေးထားပြီး သမ္မတ ရာမာဖိုစာနှင့် အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်ပြီး တရုတ်-တောင်အာဖရိက အကြား သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၂၀ပြည့်မြောက်နှစ်ကို အခွင့်ကောင်း အဖြစ် ယူပြီး  တရုတ်- တောင်အာဖရိက ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်များသို့ အဆက်မပြတ် ရောက်ရှိရန် တွန်းအားပေးလိုကြောင်း ဖော်ပြသည်။

   Webradio