• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းကို ထိထိရောက်ရောက် တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-02-15 09:04:22

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့က စီချွမ်းပြည်နယ် ချင်တူးမြို့၌ ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပပြီး လာမည့် သုံးနှစ်အတွင်း ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းကို လေ့လာ ဆွေးနွေးခဲ့ကြပါသည်။ ယင်းဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းကို ထိထိရောက်ရောက် တွန်းအားပေး ဆောင်ရွက်ရမည်ဟု မှာကြားခဲ့ပါသည်။

ယင်းသည် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲပင် ဖြစ်ကြောင်း သိရပါသည်။

   Webradio