• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများအား နှစ်သစ် နှုတ်ခွန်းဆက်သ

(GMT+08:00) 2018-02-15 08:28:03

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီတို့သည် ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ၂၀၁၈ ခုနှစ် နွေးဦးပွဲတော် နှုတ်ခွန်းဆက် အစည်းအဝေးကို ကျင်းပခဲ့ရာ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ ကိုယ်စား တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများ၊ အထူးသဖြင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသမှ မွေးချင်းပေါက်ဖေါ်များ၊ ထိုင်ဝမ် မွေးချင်း ပေါက်ဖေါ်များနှင့် ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများအား နှစ်သစ် နှုတ်ခွန်း ဆက်သခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ မိမိတို့သည် ကနဦးစိတ် မမေ့ဘဲ၊ တာဝန်ဝတ္တရားများကို စွဲစွဲမြဲမြဲ မှတ်ထားပြီး တရုတ်ပြည်သူ သန်း ၁၃၀၀ ကျော်တို့၏ မွန်မြတ်သော ကြိုးပမ်း ဆောင်ရွက်ရေး သမိုင်း အခန်းကဏ္ဍသစ်ကို ဖန်တီးကြရန် မှာကြားခဲ့ပါသည်။

   Webradio