• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် စီချွမ်းသို့ သွားရောက်ပြီး တိုင်းရင်းသားညီအကိုမောင်နှမများကို အားပေး ကြည့်ရှု

(GMT+08:00) 2018-02-14 13:28:07

     တရုတ်ရိုးရာပွဲတော်ဖြစ်သည့် နွေဦးပွဲတော် ကျရောက်တော့မည့်အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် စီချွမ်းပြည်နယ်သို့ လာရောက်ပြီး ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ လိုရင်းသဘော နှင့် ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေး၊ ဗဟိုကျေးရွာလုပ်ငန်းဆိုင်ရာ အစည်းအဝေး လိုရင်းသဘော လိုက်နာဆောင်ရွက်ရေးနှင့်ပတ်သက်၍ သုတေသနပြုကာ တိုင်းရင်းသားညီအကိုမောင်နှမများကို ကြည့်ရှုအားပေးခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရသည်။

   ယခုလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရှီကျင့်ဖိန်သည် စီချွမ်းပြည်နယ် လျန်ရှန် ယီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ၊ အာပါ့ဇန့်လူမျိုးချန်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ခွဲ၊ ချင်တူးမြို့ စသည့်ဒေသသို့ သွားရောက်ပြီး ကျေးရွာ၊ လုပ်ငန်းဌာန၊ လူနေရပ်ကွက်သို့ နက်ရှိုင်းစွာ လေ့လာကြည့်ရှုကာ တိုင်းရင်းသားညီအကိုမောင်နှမများအား ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ခင်မင်ရင်းနှီးသော အလေးဂရုပြုမှုကို ပေးပို့၍ ယင်းအခွင့်ကိုယူပြီး တစ်ပြည်လုံးညီအကိုမောင်နှမများအားလုံးအား နှစ်သစ်ဆုမွန်ကောင်းတောင်းခဲ့သည်။

   Webradio