![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
၂၂ကြိမ်မြောက် ထိုင်းနိုင်ငံတကာ ခရီးသွား ကုန်စည်ပြပွဲကို ၅ရက်ကြာ ကျင်းပခဲ့ပြီး ယခုလ ၁၁ရက်နေ့က ဘန်ကောက်မြို့တွင် ပြီးစီးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
ယင်းပြပွဲသည် အာဆီယံဒေသတွင် အကြီးဆုံး ပြည်ပထွက်ခွါ ခရီးသွား ကုန်စည် ပြပွဲများ အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ ထျန်ကျင်း၊ အတွင်းမွန်ဂိုးလီးယား၊ လျောင်နင်၊ ကြည်လင်၊ ဟေးလုံကျန်း၊ ဟိုနန်နှင့် ဟူနန် ပါဝင်သည့် တရုတ်ပြည်မှ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ၇ခုသည် "ရေခဲနှင့် ဆီးနှင်း ခရီးသွား"ဟူသော ဆောင်ပုဒ်ဖြင့် ပါဝင်ပြသပြီး ထိုင်းစားသုံးသူများကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။