• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံမှ လယ်ယာထွက်ပစ္စည်းများ နန်နင်း ဈေးကွက်တွင် အနှံ့အပြားရှိ

(GMT+08:00) 2018-02-13 14:58:55

တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် ကျရောက်လာသည့် အခါသမယတွင် တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ နန်နင်းမြို့ရှိ ဈေးတန်းနှင့် ဆိုင်များတွင် အာဆီယံ နိုင်ငံများမှ လယ်ယာထွက်ပစ္စည်းများ အနှံ့အပြားရှိကြောင်း တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

ကမ္ဘောဒီးယားထွက် ဆန်၊ ဗီယက်နမ်ထွက် တောစူကာနှင့် မလေးရှားထွက် ဒူးရင်းသီး များဟာ တရုတ် စားသုံးသူများ ကြိုက်နှစ်သက်ကြသည့် ကုန်ပစ္စည်းများ ဖြစ်လာကြောင်း၊ ယင်းအာဆီယံ နိုင်ငံများမှ လာကြသည့် လယ်ယာထွက်ပစ္စည်းအချို့ကို တရုတ် လယ်ယာ စိုက်ပျိုးရေး သိပ္ပံနည်းပညာကို အသုံးပြု စိုက်ပျိုးပြီး ထွက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ လယ်ယာစိုက်ပျိုးရေး ဦးစီးဌာန ဒုညွှန်ချုပ် ကိုရွှိချွမ်က ကွမ်ရှီးသည် ပထဝီ အနေအထားအရ အာဆီယံနှင့် နီးကပ်ပြီး ရာသီဥတုလည်း နီးစပ်၍ လယ်ယာစိုက်ပျိုးရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ များစွာ ရှိကြောင်း ပြောကြားသည်။

မကြာခင်နှစ်များက ကွမ်ရှီးသည် တရုတ် လယ်ယာစိုက်ပျိုးရေး နည်းပညာကို အာဆီယံသို့ တင်ပို့ရန် အင်တိုက်အားတိုက် တွန်းအားပေးပြီး အာဆီယံ နိုင်ငံများနှင့် လယ်ယာစိုက်ပျိုးရေး နည်းပညာ၊ ကျွမ်းကျင်သူနှင့် စီးပွားကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကွမ်ရှီးသည် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတွင် တရုတ်(ကွမ်ရှီး)-အာဆီယံ လယ်ယာစိုက်ပျိုးရေး သီးနှံမျိုးကောင်းများ စမ်းသပ်ရေး စခန်း လုပ်ငန်းကို ထားရှိခဲ့ကြောင်း သိရသည်။

   Webradio