![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
မကြာခင်က အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟွမ်ရှီလျန်သည် အင်ဒိုနီးရှား တတ်သိပညာရှင်များအဖွဲ့နှင့် မီဒီယာများမှ ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ပြီး သံအမတ်ကြီး အိမ်တော်တွင် နှီးနှောဖလှယ်ပွဲ ကျင်းပရာ "တရုတ်ခေတ်ကာလသစ်"နှင့် "ခေတ်ကာလ သစ်တွင် တရုတ်-အာဆီယံ ဆက်ဆံမှု၏ အနှစ်သာရ"ကို ရှင်းလင်းပြောကြားခဲ့ကြောင်း တရုတ်သတင်းဌာနနှင့် တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။
ဟွမ်ရှီလျန်က တရုတ်နှင့် အာဆီယံ အနေနှင့် ကိုယ့်ဖွံ့ဖြိုးရေး အဆင့်ကာလသစ်တွင် ကိုယ်စီ ဝင်ရောက်လာသည်နှင့် အမျှ နှစ်ဖက် ဆက်ဆံမှုသည် တိုးတက်ကြီးထွားသည့် အချိန်ကာလမှ ရင့်ကျက်သည့် အချိန်ကာလတွင် အရှိန်မြှင့် ဝင်ရောက်နေကြောင်း၊ တရုတ် နှင့်အာဆီယံတို့သည် ခေတ်ကာလသစ်တွင် လက်တွဲ ဝင်ရောက်ပြီး ပိုမိုများပြားသော ဖွံ့ဖြိုးရေး အခွင့်အလမ်းများနှင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလား အလာကို ဖန်တီးပေးနေကြောင်း ပြောကြားသည်ဟု သိရသည်။