• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် လီခေ့ချန်တို့ နယ်သာလန်ဘုရင်နှင့် တွေ့ဆုံ

(GMT+08:00) 2018-02-08 09:09:46

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ယခုလ ၇ ရက်နေ့က ပီကင်းမြို့ ကျုံးနန်ဟိုင်၌ နယ်သာလန် ဘုရင် ဝီလျန် အယ်လက်ဇန်ဒါနှင့် မိဘုရား မက္ကစီမာ နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ နှစ်နိုင်ငံ ဆက်ဆံမှုသည် သမိုင်းတွင် အကောင်းဆုံးသော ခေတ်ကာလသို့ ဝင်ရောက်ပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

ဘုရင် ဝီလျန် အယ်လက်ဇန်ဒါကလည်း၊ နယ်သာလန်သည် တရုတ်ပြည်နှင့် ဆက်ဆံမှုကို တလျှောက်လုံး အလေးထားကြောင်း ပြောကြားပါသည်။

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်လည်း ၇ ရက်နေ့က ပြည်သူ့ ခန်းမဆောင်ကြီး၌ နယ်သာလန် ဘုရင် ဝီလျန် အယ်လက်ဇန်ဒါနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio