• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်း၏ ရင်းနှီးမြှုပ်နှံရေး အခြေအနေ ကောင်းမွန်လာ

(GMT+08:00) 2018-02-07 15:45:24

ထိုင်းနိုင်ငံ ဗဟိုဘဏ်က ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် ပိုမိုများပြားသည့် အဆင်ပြေမှုများကို ဖန်တီးပေးပြီး ပုဂ္ဂိုလိက ရင်းနှီး မြှုပ်နှံသူများ အတွက် ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းနှင့် နည်းလမ်းများကို ဖန်တီးပေးရန် အတွက် သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများကို ပြင်ဆင်ကာ ပြည်ပတွင် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ စီမံကွပ်ကဲရေး စည်းကမ်းသတ်မှတ်ချက်ဆိုင်ရာ ကန့်သတ်မှုများကို လျှော့ပေါ့မည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ထိုင်းနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အတွက် ပိုမိုများပြားသော အဆင်ပြေမှုများကို ဖန်တီးပေးမည် ဖြစ်ကြောင်းလည်း မကြာခင်က ပြောကြားသည်ဟု တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသား ဖော်ပြသည်။

ထိုင်းဗဟိုဘဏ် ငွေကြေးဈေးကွက် စီမံကွပ်ကဲရေး ဥက္ကဋ္ဌ လက်ထောက် ဗာချီရာက ဗဟိုဘဏ်သည် ၂၀၁၇ခုနှစ်က ပြည်တွင်း ရင်းနှီးငွေ ပြည်ပတွင် မြှုပ်နှံရေး စီမံကွပ်ကဲရေး စည်းကမ်းသတ်မှတ်ချက် ဆိုင်ရာ ကန့်သတ်မှုများကို လျှော့ပေါ့ပြီး ထိုင်းနိုင်ငံ၏ စီးပွားကုန်သွယ်ရေး အခြေအနေကို ကောင်းမွန်စေရန် အတွက် ဆောင်ရွက်ချက်များကို စတင် ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးသည် ထိုင်းအစိုးရ တလျှောက်လုံး စွဲကိုင်ကျင့်သုံးသော မူဝါဒလည်း ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းအစိုးရမှ ရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင် ကောင်းမွန်စေရေး မူဝါဒများ ကျင့်သုံးခြင်းကြောင့် အမေရိကန် U.S News & World Report ဝက်ဘဆိုက်မှ ထုတ်ပြန်ခဲ့ သော နိုင်ငံ ၈၀ ပါဝင်သည့် "၂၀၁၈ခုနှစ် ကမ္ဘာ့ အကောင်းဆုံး လုပ်ငန်း စတင် တည်ထောင်ရေး နိုင်ငံများ နာမည်စာရင်းတွင် ပထမနေရာ၌ ၂နှစ် ဆက်တိုက် တည်ရှိသလို ကမ္ဘာ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံရေး နိုင်ငံများ အမည်စာရင်းတွင် အဌမ နေရာ၌လည်း တည်ရှိကြောင်း သိရသည်။

   Webradio