• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဒီမိုကရေစီပါတီများမှ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00) 2018-02-07 09:21:10

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၆ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဒီမိုကရေစီ ပါတီများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်မှု အဖွဲ့ချုပ်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ နိုင်ငံစုံပါတီ ပူးပေါင်းဆောင်ရွက်မှုတွင် ဆန်းသစ်မှု ရှိရမည် ဖြစ်ကြောင်း၊ အတွေးအခေါ် အသိစိတ်ဓါတ်ကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ တာဝန် ကျေပွန်အောင် ထမ်းဆောင်သည့် တစ်ချိန်တည်းတွင် ဆန်းသစ် အဆင့်မြှင့်တင်ရေးလုပ်ငန်းကိုလည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သော ပါတီများသည် ရုပ်သွင်ကို ဆန်းသစ် တိုးမြှင့်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio