• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ စင်ကာပူ လေကြောင်းပြပွဲ ဖွင့်လှစ်

(GMT+08:00) 2018-02-06 16:23:36

၂နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော စင်ကာပူ လေကြောင်းပြပွဲကို ယခုလ ၆ရက်နေ့တွင် တရားဝင် ဖွင့်လှစ်လိုက်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုနှစ်တွင် နိုင်ငံနှင့် ဒေသ ၅၀မှ ကုမ္ပဏီ ၁၀၆၂ခုသည် ယင်းအာရှ၌ အတိုင်းအတာ အကြီးမားဆုံး လေကြောင်းနှင့် ကာကွယ်ရေး ပြပွဲတွင် ပါဝင်ကြကြောင်း၊ ယင်းကုမ္ပဏီ များတွင် ၆၅ခုတို့သည် လေကြောင်းနှင့် ကာကွယ်ရေး နယ်ပယ်မှ ထိပ်တန်း ကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံတော် ကောင်စီဝင် ချန်ဝမ့်ချွမ်သည် ၄င်းပြပွဲ ကျင်းပစဉ် အတွင်း စင်ကာပူတွင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ တရုတ် လေကြောင်း ကုမ္ပဏီများသည် အရပ်ဖက်သုံးလေယာဉ်နှင့် စစ်လေယာဉ်များကို ပြသမည် ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ပြပွဲတွင် လူအများ အာရုံအစိုက်ဆုံး အစီအစဉ်သည် လေယာဉ်များ အလှပြ ပျံသန်းမှုနှင့် ဖျော်ဖြေခြင်း ဖြစ်ကြောင်း၊ ထို့အပြင်၊ လေကြောင်း ကုမ္ပဏီများသည် အရပ်ဖက်သုံး၊ စစ်လေယာဉ်မျိုးသစ်များနှင့် စစ်သုံး လေယာဉ် ပစ္စည်းကိရိယာများကို ပြသမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူ လေကြောင်းပြပွဲကို ၁၉၈၁ခုနှစ်က စတင်ကျင်းပခြင်း ဖြစ်သည်။

   Webradio