• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီးသည် လျန်ဟိုဇော်ဘော်တွင် ဆောင်းပါးရေးသား

(GMT+08:00) 2018-02-06 16:22:55

ယခုလ ၃ရက်နေ့က အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟွမ်ရှီးလျန်က စင်ကာပူ လျန်ဟိုဇော်ဘော် သတင်းစာတွင် "ခေတ်ကာလသစ်၌ တရုတ်နှင့် အာဆီယံ လက်တွဲ ဝင်ရောက်ကြ"ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားရာ တရုတ်ပြည်သည် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ် နှစ်နှစ်ကာကာ ဝမ်းသာမိကြောင်း၊ အာဆီယံ သည် "ရှင်သန်မှု အပြည့်အဝရှိပြီး တကယ်တည်ရှိသော ယနေ့ခေတ် အံ့ချီဖွယ်ရာ" ဖြစ်ကြောင်း၊ ယင်းအံ့ချီဖွယ်ရာ ဆက်လက် တည်ရှိမည်ဟု ယုံကြည်ကြောင်း ဖော်ပြသည်။

၎င်းဆောင်းပါးတွင် တရုတ်ပြည်၌ "အိမ်နီးချင်းကောင်းသည် ကုသိုလ်ကံ ဖြစ်သည်" ဟူသော ဆိုရိုးစကား ရှိကြောင်း၊ တရုတ်ပြည်သည် အာဆီယံကို အနီးဝန်းကျင် သံတမန်ရေးတွင် ဦးစားပေးချက်နှင့် Belt and Road တည်ဆောက်ရေး အတွက် အရေးကြီး ဒေသ အဖြစ် တလျှောက်လုံး သဘောထားပြီး ပိုမိုနွေးထွေးသော တရုတ်- အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ကြောင်း ရေးသားဖော်ပြသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အေပက်အဖွဲ့ ထိပ်သီးများ အစည်းအဝေး၌ အဆင့်ပိုမိုမြင့်မားသော တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုနှင့် ပိုမိုနွေးထွေးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်မည်ဟု ပြောကြားကြောင်း၊ ယင်းသည် အာရှနှင့် ပစိဖိတ်ဒေသ လက်တွဲ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး အကောင်အထည်ဖော်ရန် အတွက် တွန်းအားပေးမှုသစ် ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြသည်။

ထို့အပြင်၊ ၄င်းဆောင်းပါးတွင် တရုတ်နှင့် အာဆီယံတို့သည် နိုင်ငံရေး လုံခြုံမှု ဆိုင်ရာ အပြန်အလှန် ယုံကြည်မှု တိုးပွားစေရေး အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရုတ်နှင့် အာဆီယံ အကြား နှစ်ဖက်၏ ဖွံ့ဖြိုးရေး စီမံကိန်းများ ဆိုင်ရာ မဟာဗျူဟာမြောက် ညီညွတ်ရေးကို အားဖြည့်ဆောင်ရွက်ပြီး အပြန်အလှန် အကျိုး ရှိစေသည့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနွေးထွေးစွာ ပြုလုပ်ကာ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဆင့်ကို ဆက်လက် တိုးမြှင့်သင့်ကြောင်းလည်း ရေးသားဖော်ပြသည်။

 

   Webradio