• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ကုန်သွယ်မှုသည် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေးတွင် ရှေ့ဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်

(GMT+08:00) 2018-02-01 14:38:47

၂၀၁၇ခုနှစ် တရုတ်-အာဆီယံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၁၄့၈ ဘီလီယံရှိပြီး ၂၀၁၆ခုနှစ်ကထက် ၁၃့၈ ရာခိုင်နှုန်း တိုးလာကာ တိုးနှုန်းသည် တရုတ်- ဥရောပ သမဂ္ဂ ကုန်သွယ်မှုနှင့် တရုတ်-အမေရိကန် ကုန်သွယ်မှု တိုးနှုန်းထက် ပိုမြင့် ကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက မကြာခင်က ထုတ်ပြန်သော စာရင်းကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန သုတေသန အကယ်ဒမီ အာရှ ရေးရာ ဌာန ဒုဌာနမှူး ယွမ်ပိုက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ၂၀၁၇ခုနှစ် ကမ္ဘာ့ စီးပွားရေး လျင်မြန်စွာ နာလန်ပြန်ထူလာသည့် အခြေအနေမျိုး၌ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေး၊ Belt and Road တည်ဆောက်ရေး နှင့် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးများသည် တရုတ်-အာဆီယံကုန်သွယ်မှု များစွာ တိုးလာသည့် အဓိက အကြောင်းရင်းများ ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ ကုန်သွယ်မှုသည် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေးတွင် ရှေ့ဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

 

   Webradio