• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ၆နိုင်ငံတို့ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် ချုပ်ဆို

(GMT+08:00) 2018-01-31 15:19:12

မကြာခင်က အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဘရူနိုင်း အာဆီယံ အဖွဲ့ဝင် ၆နိုင်ငံတို့သည် အင်ဒိုနီးရှား ဘာလီကျွန်းတွင် ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

၎င်းသဘောတူ စာချုပ် ချုပ်ဆိုသည့် ရည်ရွယ်ချက်မှာ ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ပြီး အစွန်းရောက် အိုင်အက်စ်အဖွဲ့ လက်နက်ကိုင် သမားများ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များကို ခုခံကာကွယ်ရန် ဖြစ်ကြောင်း သိရသည်။

မကြာခင်က အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား ၃နိုင်ငံတို့သည် ပင်လယ်ပြင်နှင့် ကောင်းကင်ယံ ပူးတွဲ ကင်းလှည့်မှုများကို စတင်ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက်မှုများကို ပိုပြီး ထိရောက်စွာ တိုက်ဖျက်ရေး အတွက် အရှေ့တောင် အာရှ နိုင်ငံများသည် လက်ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု စနစ်မှ အနှောင်အဖွဲ့များကို ဖြိုခွင်းပြီး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်သင့်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆ ကြကြောင်း ရေးသားဖော်ပြသည်။

   Webradio