• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ဦးဆောင်အဖွဲ့ အစည်းအဝေး ကြီးမှူးကျင်းပ

(GMT+08:00) 2018-01-24 09:45:54

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ဦးဆောင်အဖွဲ့ ရှီကျင့်ဖိန်သည် ယခုလ ၂၃ ရက်နေ့ ညနေပိုင်းက ဗဟို ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ကြီးမှူးကျင်းပပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ အတွေးအခေါ် ပိုမို ပွင့်လင်းအောင်၊ ပြုပြင်ပြောင်းလဲမှု ပိုမို လေးနက်အောင်၊ အလုပ်တာဝန်များကို ပိုမို ထိရောက်အောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio