• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမဆုံး အကြိမ် တရုတ်-မြန်မာ ပူးတွဲ ပင်လယ်ပြင် သိပ္ပံပညာ စူးစမ်းလေ့လာမှုတွင် အောင်မြင်မှုများ ရရှိ

(GMT+08:00) 2018-01-21 12:22:07

ယခုလ ၂၀ရက်နေ့က မြန်မာနိုင်ငံ၏ အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ရပ်ဝန်းတွင် သိပ္ပံပညာ စူးစမ်းလေ့လာမှုကို ပြုလုပ်နေသော တရုတ်ပြည် "ရှန်ယန်ဟုန် အမှတ် ၀၃" သိပ္ပံပညာ စူးစမ်းလေ့လာရေး သင်္ဘောမှ သတင်းကို ကိုးကား၍ ၁၇ရက်နေ့က စတင် ပြုလုပ်ခဲ့သော တရုတ်- မြန်မာ ပူးတွဲ ပင်လယ်ပြင် သိပ္ပံပညာ စူးစမ်းလေ့လာမှုတွင် အောင်မြင်မှုများစွာ ရရှိခဲ့ ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယင်းသည် တရုတ်ပြည်နှင့် မြန်မာ နိုင်ငံတို့ ပူးပေါင်းပြီး မြန်မာ နိုင်ငံ၏ သီးခြားစီးပွားရေးဇုန်(Exclusive Economic Zone)တွင် ပြုလုပ်သော ပထမဆုံး အကြိမ် အဏ္ဏဝါ ပတ်ဝန်းကျင် အထွေထွေ စူးစမ်းလေ့လာမှု ဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် စူးစမ်းလေ့လာမှုမှ ရရှိသော အောင်မြင်မှုများကို အတူ မျှဝေခံစားကြမည် ဖြစ်ကြောင်း၊ ယခုအကြိမ် စူးစမ်းလေ့လာမှုတွင် ပါဝင်သော မြန်မာ တံငါလုပ်ငန်းဌာနမှ အရာရှိ တစ်ဦးက ယခုအကြိမ် စူးစမ်းလေ့လာမှုသည် မြန်မာ လယ်ယာစိုက်ပျိုးရေး အတွက် အလွန် အရေးကြီးကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က ယခုအကြိမ် သိပ္ပံပညာ စူးစမ်း လေ့လာမှုသည် တရုတ်ပြည် အပေါ် မြန်မာ နိုင်ငံ၏ ယုံကြည်မှုကို ထင်ဟပ်ပြပြီး နှစ်နိုင်ငံ အနေနှင့် အတူ အောင်မြင်မှုများ ရရှိရေးကို အကောင်အထည်ဖော်ရန် ဆောင်ရွက်ချက် ဖြစ်ကြောင်းလည်း ပြောကြားသည်။

"ရှန်ယန်ဟုန် အမှတ် ၀၃" သိပ္ပံပညာ စူးစမ်းလေ့လာရေး သင်္ဘောသည် ယခုလ ၂၁ရက်နေ့တွင် စူးစမ်းလေ့လာမှုကို ဆောင်ရွက်ပြီးစီးပြီး မြန်မာနိုင်ငံမှ ထွက်ခွါရန် စီစဉ် ထားကြောင်း သိရသည်။

 

   Webradio