• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ အကြိမ် ထိပ်သီးများ အစည်းအဝေး နက်ရှိုင်းရှည်ကြာသော သြဇာသက်ရောက်မှု ရှိဟု အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး တာဝန် ထမ်ဆောင်မည့် ဟွမ်ရှီလျန်ဆို

(GMT+08:00) 2018-01-17 14:08:11

လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ အကြိမ် ထိပ်သီးများ အစည်းအဝေးကို ယခုလ ၁၀ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်သော အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး တာဝန် ထမ်ဆောင်မည့် ဟွမ်ရှီလျန်က ၁၅ရက်နေ့က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ယခုအကြိမ် အစည်းအဝေးသည် အောင်မြင်မှုများစွာ ရရှိပြီး နက်ရှိုင်းရှည်ကြာသော သြဇာသက်ရောက်မှု ရှိကာ လန်ဆန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး အနေနှင့် ပြုစုပျိုးထောင်ရေး အချိန်ကာလမှ ကြီးပြင်းသည့် အချိန်ကာလ တွင် ရောက်ရှိခြင်းကို ပြဆိုနေကြောင်း ပြောကြားသည်။

ဟွမ်ရှီလျန်က လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်မှု ရရှိခြင်းသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြထားသော လူသားကံကြမ္မာ အသိုက်အဝန်း အတူ တည်ဆောက်ရေး အဆိုပြုချက်ကို မိမိတို့၏ လက်တွေ့ဖော်ဆောင်မှုမှ ရရှိသော အရေးကြီး အောင်မြင်မှု ဖြစ်ကြောင်း၊ လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖြင့် လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို မိမိတို့၏ အနီးဝန်းကျင် ဒေသတွင် ဦးစွာ အကောင်အထည်ဖော်ရန်နှင့် မဲခေါင်မြစ် ဒေသငယ်တွင် ဦးစွာ အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

 

   Webradio