• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Roadသည် တရုတ်-မြန်မာ အထည်ချုပ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွက် အခွင့်ကောင်း ဖန်တီးပေး

(GMT+08:00) 2018-01-16 15:57:33

Belt and Road တည်ဆောက်ရေးတွင် ပါဝင်သည့် အနေဖြင့် ၂၀၁၄ခုနှစ် နောက်ပိုင်းတွင် တရုတ် အထည်ချုပ်လုပ်ငန်း ကုမ္ပဏီများသည် မြန်မာ နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

လက်ရှိအချိန်တွင် မြန်မာပြည်ရှိ အထည်ချုပ်လုပ်ငန်း ကုမ္ပဏီများ၏ ရာခိုင်နှုန်း ၆၀သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော ကုမ္ပဏီများ ဖြစ်သလို ယင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော အထည်ချုပ် ကုမ္ပဏီများတွင် ရာခိုင်နှုန်း ၆၀ကို တရုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ ယခု လစဉ် ပျမ်းမျှအားဖြင့် အသစ် တည်ထောင်ထားသော  အထည်ချုပ်လုပ်ငန်း ကုမ္ပဏီများ၏ ရာခိုင်နှုန်း ၈၀ကို တရုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း မြန်မာ အထည်ချုပ်လုပ်ငန်း အသင်း အတွင်းရေးမှူးချုပ်က သတင်းထောက်များအား မိတ်ဆက်ပြောကြားခဲ့သည်။

ဥပမာ ပြောရလျှင် ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သော ကိုထိုက်-မြန်မာ အထည်ချုပ်လုပ်ငန်း စက်မှုဇုန်သည် ရန်ကုန်တွင် တည်ရှိပြီး တမူဆန်းသစ်သော စက်ရုံ အဆောက်အအုံ ၅ခုရှိကာ ဒေသခံ အလုပ်သမား ၃၆၀၀သည် ၄င်းစက်မှုဇုန်တွင် လုပ်ကိုင်နေကြကြောင်း၊ ယင်းစက်မှုဇုန်သည် တရုတ် ရင်းနှီမြှုပ်နှံမှုဖြင့် လုပ်ကိုင်ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံတွင် အကြီးဆုံး အထည်ချုပ်လုပ်ငန်း စက်မှုဇုန်များတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။

တရုတ် ရက်ကန်းရက် လုပ်ငန်း သမဂ္ဂ လူမှုရေး တာဝန် ရေးရာရုံး ထိပ်တန်း သုတေသီ လျန်ရှောင်ဟွေးက Belt and Roadနှင့် တရုတ်-မြန်မာ စီးပွားရေး လမ်းကြောင်းစသည်များ သည် တရုတ်-မြန်မာ အထည်ချုပ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွက် အရေးကြီး ဖွံ့ဖြိုးတိုးတက်ရေး အခွင့်ကောင်းကို ဖန်တီးပေးနေကြောင်း ပြောကြားသည်။

 

   Webradio