• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ မူဂျယ်အင်နှင့် ဖုန်းဆက်

(GMT+08:00) 2018-01-12 10:27:02

   တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၁ ရက်နေ့က ချိန်းထားသည့်အတိုင်း တောင်ကိုးရီးယားနိုင်ငံသမ္မတ မူဂျယ်အင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု ဆင်ဟွာသတင်အရသိရသည်။

   ထိုသို့ဖုန်းဆက်ခဲ့ရာ၌ ရှီကျင့်ဖိန်က မကြာမီက သမ္မတ မူဂျယ်အင်သည်၊ တရုတ်ပြည် တွင် အောင်မြင်စွာ တရားဝင်ခရီးလှည့်လည်ပြီး၊ နှစ်ဖက်တို့သည်၊တရုတ်၊တောင်ကိုးရီးယား မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုဖွံ့ဖြိုးရေး၊ အရေးကြီး ဒေသဆိုင်ရာ နှင့် နိုင်ငံတကာပြဿနာများညီညွတ်စေရေးနှင့် စပ်လျဉ်း၍ အရေးကြီးသဘောတူညီမှုရရှိ ခဲ့ကြောင်း ပြောကြားခဲ့သည်။

   ထို့အပြင်၊ ရှီကျင့်ဖိန်က တရုတ်ပြည်အနေနှင့်၊ တောင်၊ မြောက်ကိုးရီးယားဆက်ဆံမှု ကောင်းမွန်စေရေး၊ ကျေအေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအပေါ် အစဉ်တစိုက် ထောက်ခံမြဲထောက်ခံလျက်ရှိကြောင်း အလေးထားပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။

   Webradio