• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ကင်မေရွန်းနှင့် တွေ့ဆုံ

(GMT+08:00) 2018-01-12 10:25:16

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၁ ရက်နေ့က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ကင်မေရွန်းနှင့် တွေ့ဆုံခဲ့ ရာ၊ တရုတ်ပြည်အနေနှင့် ဗြိတိန်နှင့်အတူ၊  Belt and Road အဆိုပြုချက်မူဘောင်အတွင်း အတိုင်းအတာပိုမိုကြီးမား၍ အဆင့်အတန်းပိုမိုမြင့်မားကာ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ပြီး၊ နှစ်နိုင်ငံဆက်ဆံမှုရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးရေးအတွက် တွန်းအားပေးလို ပါကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်ကဖော်ပြသည်။

ထို့အပြင် ရှီကျင့်ဖိန်က၊ လက်ရှိ တရုတ်နှင့် ဗြိတိန်ခေါင်းဆောင်များကြား အပြန်အလှန် သွားလာမှုများလာခြင်း၊ အပြန်အလှန်အကျိုးရှိပူးပေါင်းဆာင်ရွက်မှု အဆက် မပြတ်နက်ရှိုင်း လာခြင်းနှင့် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး တဖြည်းဖြည်းများပြား လာခြင်းတို့သည်၊ နှစ်နိုင်ငံပြည်သူများအတွက် ထိရောက်တိကျသော အကျိုးစီးပွားများကို ဆောင်ကြဉ်းပေး ခဲ့ကြောင်းပြောကြားခဲ့သည်။

ကင်မေရွန်းက Belt and Road အဆိုပြုချက်သည်၊ ဗြိတိန်-တရုတ်ပူးပေါင်း ဆောင်ရွက် ရေးအတွက် အခွင့်အခါသစ်များဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု သတင်းအရသိရသည်။

   Webradio