• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင် နိုင်ငံများ၏ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ ရောက်ရှိ

(GMT+08:00) 2018-01-11 15:57:10

လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စနစ် တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်နှင့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများသည် အတူ တိုင်ပင်ဆွေးနွေးရေး၊ အတူ တည်ဆောက်ရေးနှင့် အတူ မျှဝေခံစားရေးမူများကို စွဲကိုင်ပြီး 3+5ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အရ စီးပွားကုန်သွယ်ရေး နယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ တွန်းအားပေးပြီး သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း တရုတ်ပြည်သူ့နေ့စဉ် သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။

လန်ဆန်-မဲခေါင် ဒေသတွင်း ကုန်ပစ္စည်း ကုန်သွယ်မှု လျင်မြန်စွာ ပြန်လည် တိုးပွားလာခြင်းသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးတွင် လူအများ အာရုံစိုက်ကြသော အချက်သစ် ဖြစ်လာကြောင်း၊ ၂၀၁၇ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းဒေသ ၅နိုင်ငံတို့ အကြား ကုန်ပစ္စည်း ကုန်သွယ်မှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၀၁ဘီလီယံခန့်ရှိပြီး ၂၀၁၆ခုနှစ်ကထက် ၁၆့၁ရာခိုင်နှုန်း တိုးလာကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်သည် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာကြောင်း၊ တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဆက်တိုက် တိုးပွားလာပြီး မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများတွင် စီးပွားရေး တိုးတက်ရန် အတွက် တွန်းအားပေးမှုသစ် ဖြစ်လာကြောင်း၊ လန်ဆန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းရပ်များကို အဆက်မပြတ် လက်တွေ့ ဖော်ဆောင်နေခြင်းကြောင့် ကန်ထရိုက် လုပ်ငန်းရပ် ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်မှုသစ်များ ရရှိကြောင်း၊ နိုင်ငံ ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နယ်ကို ခြေလှမ်းမှန်မှန်ဖြင့် တွန်းအား ပေးခြင်းသည် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဇောက်ချပြုလုပ်ရန် အတွက် ပလက်ဖောင်းသစ် ဖြစ်လာကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် အပြန်အလှန် ဆက်သွယ်ရေးတွင် အောင်မြင်မှုများ သိသာထင်ရှားစွာ ရရှိပြီး လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အတွက် ကျားကန်ပေးမှုသစ် ဖြစ်လာကြောင်း ရေးသားဖော်ပြသည်။

   Webradio