• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယား အဓိက မီဒီယာများတွင် လီခေ့ချန် ဆောင်းပါး ရေးသားဖော်ပြ

(GMT+08:00) 2018-01-10 15:44:07

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ အကြိမ် ထိပ်သီးများ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယား နိုင်ငံသို့ မထွက်ခွါမီ ယခုလ ၉ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံ Rasmey Kampuchea ၊ the Khmer Timesနှင့် Jian Hua Daily အဓိက သတင်းစာများတွင် "လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး အတွက် ပေါင်းကူးတံတားတည်ဆောက်ရန်"ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားဖော်ပြကြောင်း တရုတ် အစိုးရ ဝက်ဘ်ဆိုက်မှ သတင်းအရ သိရသည်။

၎င်းဆောင်းပါးတွင် လီခေ့ချန်က မိမိသည် ယခုအကြိမ် အစည်းအဝေးတွင် ဘက်အသီးသီးနှင့် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ အနာဂတ် ဆောင်ရွက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးပြီး ဆည်မြောင်းတာတမံ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် လူငယ်စသည့် နယ်ပယ်များတွင် ပိုမိုများပြားသည့် အောင်မြင်မှုများ ရရှိရန်  မျှော်လင့်ကြောင်း ရေးသားဖော်ပြသည်။

   Webradio