• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြင်သစ် သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2018-01-09 09:26:43

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၈ ရက်နေ့က ပီကင်း တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည် နေသော ပြင်သစ် သမ္မတ မာကရွန်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ တွေ့ဆုံရာတွင်၊ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်ရေးမူကို ဆက်လက် စွဲကိုင်ပြီး နယ်ပယ်အသီးသီး၌ ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် Belt and Road မူဘောင်အတွင်း ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

မာကရွန်ကလည်း၊ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုနှင့် ဆက်ဆံမှုကို အားသစ်လောင်းပေးလိုပါကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio